back

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသားတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

Feb 25 • 9:09 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသားတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ

၂၀၂၅ခုနှစ်ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ညပိုင်းမြန်မာ - ထိုင်းနယ်စပ်ဒေသ ရှမ်းပြည်နယ်၊တာချီလိတ်မြို့ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အတွင်းရှိ Shwe Bun Aung Hotel အခန်းနံပါတ် (၂...

၂၀၂၅ခုနှစ်ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ညပိုင်း

မြန်မာ - ထိုင်းနယ်စပ်ဒေသ ရှမ်းပြည်နယ်၊တာချီလိတ်မြို့ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အတွင်းရှိ Shwe Bun Aung Hotel အခန်းနံပါတ် (၂၀၄)တွင် တရုတ်နိုင်ငံသား တစ်ဦးအား မူးယစ်ဆေးဝါးအမျိုးစုံဖြင့် ဖမ်းဆီးရမိခဲ့ပါတယ်။တည်းခိုနေထိုင်သူ အသက်(၃၀)ဝန်းကျင်ရှိ ဟွမ်လျှို အမည်ရှိ  တရုတ်နိုင်ငံသားအား မူးယစ်ဆေးဝါးမျိုးစုံဖြင့် ဖမ်းမိခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံသား ဟွမ်လျှို၏ အခန်းအတွင်းမှ ကတ်တမင်း (၅)ကီလို ဝန်းကျင် အပါအဝင် တားမြစ် မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားသည့် Happy water (၇)ကီလို၊ Frimin-5 ဆေးကတ် (၃၀၀)ဝန်းကျင်၊ အက်တက်စီ(Ecstasy) အရောင်မျိုးစုံ ဆေးပြား (၃၆၀၀)ကျော် နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခြင်း ဖြစ်ပါတယ်။မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားမှာ တာချီလိတ်သို့ တရားမဝင်နည်းလမ်းဖြင့် ရောက်ရှိနေထိုင်သူဖြစ်ကြောင်း နှင့် ၎င်းအား ဟောင်လိတ်နယ်မြေရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးနေလျှက်ရှိပါတယ်။


news-view-count-icon

23