back

ဒဂုံမြို့သစ်ရှိရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူ ၄ သိန်းကျော်ရှိ

Feb 25 • 7:53 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဒဂုံမြို့သစ်ရှိရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူ ၄ သိန်းကျော်ရှိ

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းများကို ဝယ်ယူရန်လျှောက်ထားသူ လေးသိန်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွ...

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းများကို ဝယ်ယူရန်လျှောက်ထားသူ လေးသိန်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ ရောင်းချမည့် တိုက်ခန်းပေါင်း ၁၅၀ ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများကို အခန်း ၅၀၊ အငြိမ်းစားဝန်ထမ်းများကို အခန်း ၅၀၊ အရပ်သားပြည်သူများကို အခန်း ၅၀ဖြင့် ခွဲတမ်းကျ မဲနှိုက်၍ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ဖေဖော်ဝါရီ ၁၃ ရက်မှစတင်ကာ ၂၁ရက်အထိလျှောက်လွှာများကိုရောင်းချပေးခဲ့ခြင်းဖြစ်ပြီး နေရေးအခက်အခဲရှိသည့် ဝင်ငွေနည်း ပြည်သူများကို အဓိကထား ရောင်းချပေးခြင်းဖြစ်ကြောင်း သိရပြီး ဒဂုံမြို့သစ်တောင်ပိုင်းရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် နေရေးအခက်အခဲရှိသည့်ပြည်သူများကို ၅ နှစ်သက်တမ်းဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုထားပြီးအဆောက်အအုံ ၁၇၁ လုံး တည်ဆောက်ပြီးစီးပြီးဖြစ်ကာ အိမ်ထောင်စု ၂၇၃၆ စုအထိ နေထိုင်နေပြီဖြစ်ကြောင်း သိရသည်။


news-view-count-icon

19