World Boxing Council(WBC)နှင့် ဂျပန်နိုင်ငံ ဘောက်ဆင်ကော်မရှင်က ကျင်းပသည့်Boxing ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ဂျပန်စံတော်ချိန် (၂)နာရီက ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ ကျင်းပခဲ့သည်ဟု သိရသည်။အဆိုပါဘောက်ဆင် ခြောက်ချီပြိုင်ပွဲများ၌ ၅၂ ကီလိုတန်းတွင် နော်ဖုန်း(မြန်မာ)နှင့် RYOMA MORIMOTO(ဂျပန်)၊ ၅၃ ကီလိုတန်းတွင် စောလင်းအောင်နှင့် RYO MANDOKORO (ဂျပန်)၊ ၆၀ ကီလိုတန်းတွင် ဂင့်ရှန်းမွော် နှင့် CHOI YOUNG DOO(ဂျပန်) တို့က ယှဉ်ပြိုင်ထိုးသ-တ်ကြရာ မြန်မာဘောက်ဆင်ကစားသမား သုံးဦးစလုံး အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ပြိုင်ပွဲအပြီးတွင် မြန်မာကစားသမားများအား Japan Promoter နှင့် Commissioner က အသိအမှတ်ပြုခြင်း ခံခဲ့ရသည်ဟု သိရသည်။ယင်းပြိုင်ပွဲသို့ မြန်မာဘောက်ဆင်ကော်မရှင်မှ အုပ်ချုပ်သူနှင့် အဖွဲ့ခေါင်းဆောင် ဦးဝဏ္ဏ၊ နည်းပြ ဦးရန်ဝင်းကြည်၊ အဖွဲ့ဝင် ဦးသန်းစိုးအောင်နှင့် ဘောက်ဆင်ကစားသမားသုံးဦးတို့ လိုက်ပါခဲ့သည်ဟု သိရသည်။



