ဘရပ်ဆဲမှာကျင်းပတဲ့ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေး မတိုင်ခင်မှာ “လက်နက်ထောက်ပံ့မှုအတွက် ယူရိုဘီလီယံ ပေးဆောင်မယ့် အစီအစဉ်ကို ကျွန်တော်တို့ သဘောတူမှာ မဟုတ် ပါဘူး”လို့ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။ ယူကရိန်း-ရုရှား အပစ်ရပ်စဲရေးအတွက် အမေရိကန် ဦးဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှုမတိုင်မီ မဟာဗျူဟာမြောက် ရပ်တည်ချက်ကို အားကောင်းစေဖို့အတွက် ယူကရိန်းကို အနည်းဆုံး ယူရို ၆ ဘီလီယံ စစ်ရေးအကူအညီပေးရေး အစီအစဉ်ကို ဥရောပသမဂ္ဂက စီစဉ်နေတာဖြစ်ပါတယ်။
ဒါကြောင့် ယူကရိန်းကို လက်နက်ထောက်ပံ့မှုအတွက် ယူရိုဘီလီယံပေါင်းများစွာ ခွဲဝေပေးမယ့်အစီအစဉ်ကို ကန့်ကွက်မှုက ခက်ခဲပေမယ့် အဆုံးထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။


