back

အဆိုတော် ရိုဘတ်တာ ဖလက်ခ် အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်

Feb 25 • 7:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

အဆိုတော် ရိုဘတ်တာ ဖလက်ခ် အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်

အဆိုတော် ရိုဘတ်တာ ဖလက်ခ် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူမ၏ ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။အာအင်န်ဘီ အဆိုတော်ရိုဘတ်တာ ဖလက်ခ်သည် ၁၉၇၀ ပြည့်လွန်နှစ်များတွင်...

အဆိုတော် ရိုဘတ်တာ ဖလက်ခ် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူမ၏ ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရသည်။

အာအင်န်ဘီ အဆိုတော်ရိုဘတ်တာ ဖလက်ခ်သည် ၁၉၇၀ ပြည့်လွန်နှစ်များတွင် ၎င်း၏ "The First Time I Saw Your Face" သီချင်းဖြင့် လူကြိုက်များကျော်ကြားလာခဲ့သည်။သူ၏နာမည်ကြီးသီချင်းဖြစ်သော "Killing Me Softly With His Song" သီချင်းကို ၁၉၉၀ ပြည့်လွန်နှစ်များတွင် ဖူဂီး အဖွဲ့က ပြန်လည်သီဆိုခဲ့ပြီး ထိုသီချင်းတွင် လိုင်ယမ် ဟီးလ် က အဓိကသီဆို ဖျော်ဖြေခဲ့သည်။ရိုဘတ်တာ ဖလက်ခ် သည် အခြားသော ပေါ့ပ် နှင့် အာအင်န်ဘီ သီချင်းများစွာကို ဒုံနီ ဟယ်သာဝေ၊ လီနော့ ကိုဟန်း၊ ဘာ့ ဘာချာရာ့ချ် တို့နဲ့အတူ သီဆိုခဲ့ပါသည်။ ဖလက်ခ်သည် ဂီတလောကတွင် သက်တမ်းကြာရှည် စွာအောင်မြင်မှုရရှိခဲ့သော အနုပညာရှင်တစ်ဦးဖြစ်သည်။

news-view-count-icon

11