back

ထိုင်းနိုင်ငံ ၊မဲဆောက်မှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၅၆ ဦး ဖမ်းဆီးခံရ

Feb 25 • 7:17 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံ ၊မဲဆောက်မှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၅၆ ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၄ရက်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၅၆ ဦး ကို ဖမ်းဆီးခံလိုက်ရပါတယ်။ဒီထဲမှာ အမျိုးသား သုံးဆယ်ကျော်နဲ့ အမျို...

ဖေဖော်ဝါရီ ၂၄ရက်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၅၆ ဦး ကို ဖမ်းဆီးခံလိုက်ရပါတယ်။ဒီထဲမှာ အမျိုးသား သုံးဆယ်ကျော်နဲ့ အမျိုးသမီး ၂၆ ဦး ဖမ်းဆီးခံခဲ့ရတာလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှသိရပါတယ်။မဲဆောက်မြို့က ဟွေ့မွမ့်၊ အမှတ် (၆) မယ်တောင်၊ အမှတ် (၁) ထာ့ဆိုင်လွှတ် နဲ့ အမှတ် (၁)မယ်ကု ကျေးရွာတွေကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးရာမှာ သူတို့ဟာ ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် နေထိုင်နေတာ တစ်နှစ်ကျော် ရှိနေကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။


news-view-count-icon

14