မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၄ ရက် နေ့တွင် ငွေလဲနှုန်း ၅၄၂ ကျပ်ဖြင့် တရုတ်ယွမ် ၅၃၆,၇၇၆ နှင့် ၁၃၁.၅ ကျပ်ဖြင့် ထိုင်းဘတ် ၂.၀၄၁ သန်း ကို ထုတ်ရောင်းခဲ့သည်။ ထိုနေ့တွင် AD လိုင်စင်ရ ဘဏ်များနှင့် လုပ်ငန်းရှင်များအကြား အမေရိကန်ဒေါ်လာ ၂၄.၆၅၈ သန်း၊ တရုတ်ယွမ် ၅၃၆,၇၇၆ နှင့် ထိုင်းဘတ် ၄၆.၅၈၇ သန်း အလွှဲအပြောင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။



