ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၁၆နာရီ၃၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များသည် သတင်းအရ သက်သေများနှင့်အတူ ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ ကိုမျိုးမင်းဦး အား စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူသည့် ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၇၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၉၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၆နာရီ၄၅ မိနစ်အချိန်တွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ အေးလွင် အား ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်တွင် မော်တော်ဆိုင်ကယ် ၁ စီး၊ မြန်မာငွေကျပ် ၆၅,၀၀၀၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် မျိုးမင်းဦး(၄၂)နှစ် နှင့် အေးလွင်(၄၁)နှစ်တို့အား ကျောက်ပန်းတောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ် ။
မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူ တရားခံကိုဖမ်းဆီးရမိခဲ့
Feb 25 • 6:34 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 23 | 0 | 0 | 0 |


