ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသရှိ တောင်ယာစိုက်ခင်းများ ၇၀ ရာခိုင်နှုန်းခန့် ကြွက်ဘေးကျရောက်မှုကြောင့် ဆန်စပါးထွက်နှုန်း သိသိသာသာ ကျဆင်း နေကြောင်း ဒေါက်တာ နန်းမာလာဝမ်း က ဖော်ပြသည်။ယခင်က စားနပ်ရိက္ခာလုံလောက်မှုရှိခဲ့သည့်ဒေသတွင် ယခုအခါ ဆန်လိုအပ်ချက် မြင့်မားလာခြင်းကြောင့် ကျေးရွာပေါင်း ၃၀ ကျော်တွင် အလှူရှင်များက ဆန်များပေးပို့ နေသည်။ပန်ကြူ၊ မိုင်းအင်း၊ မိုင်းလပ်၊ လွိုင်မွေ၊ တာပင်း စသည့် ကျေးရွာအုပ်စုများတွင် ကြွက်ဘေး ကျရောက်မှု ပြင်းထန်နေပြီး မြွေရှားပါးမှုကြောင့် ကြွက်များ များပြားလာသည်ဟု ခန့်မှန်းထားသည်။ဒေသခံများအနေဖြင့် ဆန်ဝယ်စားရန် ခက်ခဲလာခြင်း နှင့် စိုက်ပျိုးမှု ဆုံးရှုံးမှုများ ကြောင့် နေ့စဉ်ဘဝအတွက် အခက်အခဲများကြုံတွေ့နေရသည်။



