back

မြန်မာနှင့် တရားမဝင်ကုန်သွယ်မှု ရပ်ဆိုင်းရန် အိန္ဒိယ ပြင်ဆင်

Feb 25 • 5:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနှင့် တရားမဝင်ကုန်သွယ်မှု ရပ်ဆိုင်းရန် အိန္ဒိယ ပြင်ဆင်

မြန်မာနိုင်ငံနှင့် တရားမဝင်ကုန်သွယ်မှုများကို ရပ်တန့်စေရန် အိန္ဒိယအစိုးရက ပြင်ဆင်နေကြောင်း ဖော်ပြထားသည်။ အထူးသဖြင့် မီဇိုရမ်ပြည်နယ် ဇိုခေါ်ထာရ်မြို့နယ် နှင့် မြ...

မြန်မာနိုင်ငံနှင့် တရားမဝင်ကုန်သွယ်မှုများကို ရပ်တန့်စေရန် အိန္ဒိယအစိုးရက ပြင်ဆင်နေကြောင်း ဖော်ပြထားသည်။ အထူးသဖြင့် မီဇိုရမ်ပြည်နယ် ဇိုခေါ်ထာရ်မြို့နယ် နှင့် မြန်မာနယ်စပ်ကြားရှိ တရားမဝင်ကုန်သွယ်မှုများကြောင့် အိန္ဒိယ ဘဏ္ဍာရေးထိခိုက်မှုရှိနေသဖြင့် အာသံရိုင်ဖယ်တပ်ဖွဲ့များ သည် မြန်မာဘက်မှဝင်လာသည့် ပစ္စည်းများကို တင်းကြပ်စစ်ဆေးနေသည်။မြန်မာဘက်မှ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း၊ အချိုရည်များ တင်သွင်းလျှက်ရှိပြီး၊ အိန္ဒိယဘက်မှ ဆန်၊ ဆီ၊ ဆား၊ ငါးပိများ အဓိက တင်သွင်းနေကြသည်။ ရိဒ်-ဇိုခေါ်ထာရ် နယ်စပ်ဂိတ် သည် နှစ်နိုင်ငံကြား တရားဝင် ကုန်သွယ်ခွင့်ပြုထားသည့် နယ်စပ်ဂိတ်တစ်ခုဖြစ်သော်လည်း တရားမဝင် ကုန်သွယ်မှုများသည် ဆက်လက်ဖြစ်ပေါ်နေသည်။


news-view-count-icon

12