back

Google ၏ AI စမ်းသပ်မှုများက အင်တာနက်ကို ချွတ်ခြုံကျစေကြောင်း အမေရိကန် ပညာရေးနည်းပညာကုမ္ပဏီတစ်ခု မှ တရားစွဲဆို

Feb 25 • 4:51 AM

breaking-news

မြန်မာ

ပြည်ပ

cover

Google ၏ AI စမ်းသပ်မှုများက အင်တာနက်ကို ချွတ်ခြုံကျစေကြောင်း အမေရိကန် ပညာရေးနည်းပညာကုမ္ပဏီတစ်ခု မှ တရားစွဲဆို

Alphabet ကုမ္ပဏီမှ Google (GOOGL.O) ရှာဖွေရေးအင်ဂျင်သည် မူရင်းအကြောင်းအရာများအတွက် လိုအပ်ချက်ကို လျော့နည်းစေပြီး ၎င်း၏ AI မှထုတ်ပေးသော အပေါ်ယံသုံးသပ်ချက်များဖြင...

Alphabet ကုမ္ပဏီမှ Google (GOOGL.O) ရှာဖွေရေးအင်ဂျင်သည် မူရင်းအကြောင်းအရာများအတွက် လိုအပ်ချက်ကို လျော့နည်းစေပြီး ၎င်း၏ AI မှထုတ်ပေးသော အပေါ်ယံသုံးသပ်ချက်များဖြင့် ထုတ်ဝေသူများ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေကြောင်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာကလာရာမြို့အခြေစိုက်

အမေရိကန်ပညာရေးနည်းပညာကုမ္ပဏီ Chegg (CHGG.N) မှ ဖေဖော်ဝါရီ၂၄ရက်၊တနင်္လာနေ့တွင် တရားစွဲချက်တင်သွင်းခဲ့ပါတယ်။ပြဋ္ဌာန်းစာအုပ်ငှားရမ်းခြင်း၊ အိမ်စာကူညီပေးခြင်းနှင့် သင်ကြားမှုဝန်ဆောင်မှုများ ပေးသည့် အွန်လိုင်းပညာရေးကုမ္ပဏီ Chegg က ၎င်း၏တရားစွဲဆိုမှုတွင် Google သည် ထုတ်ဝေသူများ၏အကြောင်းအရာများကို အသုံးချကာ ၎င်း၏ဝက်ဘ်ဆိုက်ပေါ်တွင် အသုံးပြုသူများကို ထိန်းထားပြီး ထုတ်ဝေရန် စီးပွားရေးဆွဲဆောင်မှုများကို ဖျက်သိမ်းလျက်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။



news-view-count-icon

17