back

ခွေးရူးရောဂါကာကွယ်ဆေး နေပြည်တော် မြို့နယ် ၈ခု၌ အခမဲ့ထိုးပေးမည်

Feb 25 • 4:37 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ခွေးရူးရောဂါကာကွယ်ဆေး နေပြည်တော် မြို့နယ် ၈ခု၌ အခမဲ့ထိုးပေးမည်

နေပြည်တော်ရှိ မြို့နယ် ၈ ခုမှာ ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၅ ရက်အထိ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ဆေးထိုးနှံပေးနေပြီဖြစ်ကြောင်း သိရပါတယ်။‌ေမွးမြူရေးနှင့်ကုသရေးဦးစီးဌ...

နေပြည်တော်ရှိ မြို့နယ် ၈ ခုမှာ ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၅ ရက်အထိ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ဆေးထိုးနှံပေးနေပြီဖြစ်ကြောင်း သိရပါတယ်။‌ေမွးမြူရေးနှင့်ကုသရေးဦးစီးဌာနကဦးဆောင်ပြီး ခွေးရူးပြန်ကာကွယ်ဆေး ထိုးပေးနေတာဖြစ်ပြီး အခုအကြိမ်ဟာ စတုတ္ထအကြိမ်မြောက်ဖြစ်ပါတယ်။အခမဲ့ဆေးထိုးပေးမယ့် မြို့နယ် ၈ ခုဟာ ဒက္ခိဏသီရိ ၊ ဇမ္ဗူသီရိ ၊ ပျဉ်းမနား၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ တပ်ကုန်း၊ ဥတ္တရသီရိ ၊ လယ်ဝေး တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ လာရောက် ထိုးနှံနိုင်တယ်လို့လည်း သိရပါတယ်။

news-view-count-icon

24