ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်)နှင့် နိုင်ငံတကာ ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် အသင်းများ အောင်မြင်မှု ရရှိရေး၊ မြန်မာ့ဘောလုံးလောက ဖွံဖြိုးရေး လုပ်ငန်းများအတွက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ယနေ့ နံနက် ၁၁ နာရီက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ၊ ဖူဆယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ MFF အထွေထွေ အတွင်းရေးမှုး၊ MFF နည်းစနစ်ဒါရိုက်တာ၊ MNL လိဂ်အမှုဆောင်အရာရှိချုပ်၊ မြန်မာ့လက်ရွေးစင် အသင်းနည်းပြများနှင့် တွေ့ဆုံခဲ့သည်။



