ကိုယ်ဝန်ဆောင်မိခင်တွေ နဲ့ သူတို့က မွေးဖွားလာတဲ့ အသက် ၂ နှစ်အောက် ကလေးသူငယ်တွေကို ငွေကြေး ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်နေပြီးလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်ဖြစ်တဲ့ အသက် (၈၅) နှစ်နဲ့ အထက် သက်ကြီးပုဂ္ဂိုလ်တွေကို ထောက်ပံ့တဲ့ လူမှုရေးပင်စင် နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သူတို့က မွေးဖွားလာ တဲ့ အသက် ၂ နှစ်အောက် ကလေးသူငယ်တွေကို ငွေကြေးထောက်ပံ့တဲ့ အစီအစဉ်တွေက အကျိုးခံစားခွင့် ရရှိသူ တွေကို အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ မြန်မာ့စီးပွားရေးဘဏ်ခွဲတွေက တစ်ဆင့် ထောက်ပံ့နိုင်ရေး စီစဉ်ဆောင် ရွက်နေတယ်လို့သိရပါသည်။ဒါ့အပြင် အသက် ၂ နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်နေရာမှာ ကလေးငယ်တွေ အားလုံး တစ်ဦးတစ်ယောက်မျှ မကျန်ခဲ့စေဖို့ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးစေလိုတယ်လို့ သိရပါသည်။



