ဆော်ဒီအာရေဗျနိုင်ငံရီယာ့ဒ်မြို့၌ ကမ္ဘာ့လိုက်ဟဲဗီးဝိတ်တန်းပြိုင်ဘက်ကင်းချန်ပီယံဆုအတွက် ရုရှား လက်ဝှေ့သမားများ ဖြစ်ကြတဲ့ ဘီဗိုလ်နှင့် ဘီတာဘီယက်ဖ်တို့ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ထိုးသတ်ခဲ့ရာ ဘီဗိုလ် က ဒိုင်အမှတ်နဲ့ အနိုင်ရရှိကာ ပြိုင်ဘက်ကင်း ကမ္ဘာ့ချန်ပီယံဆုအားဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၂ ရက်မှာ ဘီဗိုလ်နှင့် ဘီတာဘီယက်ဖ်တို့ဟာ ကမ္ဘာ့လိုက်ဟဲဗီးဝိတ်တန်း ပြိုင်ဘက်ကင်းချန်ပီယံဆုအတွက် ထိုးသတ်ခဲ့ရာ ဘီတာဘီယက်ဖ်က ဒိုင်အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ယခု မကျေ ပွဲစဉ်ကို ပြန်လည်ထိုးသတ်ခဲ့ခြင်းဖြစ်ကာ ဘီဗိုလ်က ဒိုင်အမှတ်နဲ့ ပြန်လည်အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။



