အိန္ဒိယအစိုးရသည် လျှပ်စစ်ယာဉ်မူဝါဒကို အကြီးအကျယ် ပြောင်းလဲမည် ဖြစ်သဖြင့် လျှပ်စစ်ကား တင်သွင်းခြင်းအတွက် သွင်းကုန်ခွန်ကို ၁၁၀% မှ ၁၅% သို့ လျှော့ချသည်။ အိန္ဒိယမှာ အီးဗီဝယ်စီးသူများသည် ပရီမီယံလျှပ်စစ်ကားများကို ပိုမိုစျေးသက်သာစွာဖြင့် ဝယ်ယူနိုင်မည် ဖြစ်ပြီး အိန္ဒိယ၏ အီးဗီအခင်းအကျင်းကို သိသိသာသာ ပြောင်းလဲစေမည် ဖြစ်သည်။ မူဝါဒအသစ်တွင် USD 35,000 အထက် အီးဗီများကို ပရီမီယံအီးဗီဟု သတ်မှတ်ထားပြီး သွင်းကုန်ခွန် ၁၁၀% စည်းကြပ်ခြင်းအစား ၁၀% မှ ၂၅% အထိသာ စည်းကြပ်မည်။ အကြီးအကျယ် လျှော့ပေါ့ထားသည့် အခွန်နှုန်းထား ခံစားခွင့် ရရှိရန် ပြည်ပအီးဗီလုပ်ငန်း မဖြစ်မနေ လိုက်နာရမည့် အချက်များ သတ်မှတ်ထားသည်။



