back

သုခဒဂုံ ပြည်သူ့အငှား အိမ်ရာစီမံကိန်း၌ လက်ရှိတွင် အိမ်ထောင်စု နှစ်ထောင်ကျော် နေထိုင်နေ

Feb 24 • 3:06 PM

breaking-news

မြန်မာ

ရန်ကုန်

cover

သုခဒဂုံ ပြည်သူ့အငှား အိမ်ရာစီမံကိန်း၌ လက်ရှိတွင် အိမ်ထောင်စု နှစ်ထောင်ကျော် နေထိုင်နေ

ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် လက်ရှိ၌ အဆောက်အအုံ (၁၇၁)လုံး တည်ဆောက်ပြီးစီးပြီဖြစ်ကာ အိမ်ထောင်စု (၂၇၃၆...


ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် လက်ရှိ၌ အဆောက်အအုံ (၁၇၁)လုံး တည်ဆောက်ပြီးစီးပြီဖြစ်ကာ အိမ်ထောင်စု (၂၇၃၆) စုအထိ နေထိုင်လျက်ရှိကြောင်း သိရသည်။(၁၈၁) ဧက ကျယ်ဝန်းသည့် ယင်း စီမံကိန်းတွင် လေးထပ် (၁၆) ခန်း နှစ်လုံးတွဲအဆောက်အအုံ (၂၇၂)လုံး တည်ဆောက်သွားမည်ဖြစ်ရာ လက်ရှိတွင် အဆောက်အအုံ စုစုပေါင်း (၁၇၁)လုံး ပြီးစီးနေပြီဖြစ်သည်။ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းသည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်သွားလာလွယ်ကူစေရန် စီမံကိန်းဧရိယာအတွင်း အမှတ် (၂) လမ်းမှ ဖြတ်သန်းသွားလာနိုင်ပြီး ရန်ကုန်မြို့ပတ်လမ်းနှင့်လည်း ကပ်လျက်တည်ရှိသည်။



news-view-count-icon

14