ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ တိရစ္ဆာန်မျိုးစိတ်များ ရှင်သန်ကျက်စားမှုကို လေ့လာသိရှိနိုင်ရန် နှစ်စဉ်ကင်မရာထောင်ချောက်များ တပ်ဆင်၍ မှတ်တမ်းယူလေ့ရှိရာ ယခုနှစ်တပ်ဆင်ထားသည့် ကင်မရာထောင်ချောက်များမှတစ်ဆင့် ရှားပါးမျိုးစိတ်ဝင်ဘင်္ဂလားကျားနှင့် ဝက်ဝံမျိုးစိတ်ရှင်သန်ကျက်စားမှုကို ဆက်လက်တွေ့ရှိရကြောင်း ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ စစ်ကိုင်းတိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်း တည်ရှိသည့် ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၁၉၇၄ ခုနှစ် မေလတွင် ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၉၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ဟုမ္မလင်းမြို့၌ အုပ်ချုပ်ရေးမှူးရုံးဖွင့်လှစ်၍ ဘေးမဲ့တောထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် အတည်ပြုသတ်မှတ်ခြင်းခံခဲ့ရသည်။



