အခုဖေဖော်ဝါရီလအတွင်းလေထုအရည်အသွေးတိုင်းတာချက်တွေအရ ကျန်းမာရေးထိခိုက်စေနိုင်တဲ့ လေထုအရည်အသွေးအနီရောင်နှင့်အဝါရောင်အဆင့်ရှိသည့်မြို့(၈)မြို့ရှိတယ်လို့ သိရပြီးအမရပူရမြို့နယ်၊စစ်ကိုင်းမြို့တို့မှာ လေထုအရည်အသွေးညွှန်းကိန်းဟာ ‘ကျန်းမာရေးကိုထိခိုက်နိုင်စေသော အနီရောင်အဆင့်’မှာရှိနေကာနေပြည်တော်၊ဥတ္တရသီရိမြို့နယ်(အမှုန်အမွှားများ)၊ ပုသိမ်ကြီးမြို့နယ်၊ ညောင်ဦးမြို့၊မြဝတီမြို့၊တာချီလိတ်မြို့နဲ့ ကျိုင်းတုံမြို့တို့မှာ ‘ခံနိုင်ရည်နည်းပါးသောသူများအတွက် ကျန်းမာရေးကိုထိခိုက်နိုင်စေသော အဝါရောင်အဆင့်’မှာရှိနေတယ်လို့ သိရပါသည်။



