နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စေတီတော်မြတ်ကြီး၏ တပေါင်းကွင်း၌ ၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်မှ တပေါင်းလပြည့်နေ့အထိ (မတ် ၇ ရက်မှ ၁၃ ရက်အထိ) ခုနစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ သိရသည်။ထို့ပြင် ပွဲတော်လာပြည်သူများအတွက် ရေကျော်ဂီတဖျော်ဖြေရေးအဖွဲ့က မတ် ၇ ရက်မှ ၉ ရက်အထိလည်းကောင်းတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ဖျော်ဖြေပွဲများအပြင် ချား၊ ရဟတ်၊ ပျော့ပျော့အိ ကလေးကစားကွင်းများ စသည့်ပျော်ရွှင်ဖွယ်အစီအစဉ်မျိုးစုံကို ထည့်သွင်းကျင်းပ သွားမည်ဖြစ်သည့်အတွက် ရပ်နီး၊ရပ်ဝေးမှ ဘုရားဖူးပြည်သူများနှင့် သဒ္ဓါကြည်လင်ပါရမီရှင်အပေါင်းတို့အနေဖြင့် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရင်း တပေါင်းပွဲတော်ကြီးတွင် ပါဝင်ဆင်နွှဲနိုင်ကြကြောင်းသိရသည်။



