ရှမ်းပြည်မြောက်ပိုင်း၊သီပေါမြို့နယ်၊စံဖိတ်ကျေးရွာ၌ယောက္ခမနှစ်ဦးနှင့် ဇနီးဖြစ်သူအပါအဝင် လေးဦးကို ခင်ပွန်းဖြစ်သူမှ ဓါးဖြင့်ခုတ်မှုယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ရာ ယောက္ခမနှစ်ဦးသေဆုံးခဲ့သည်ဟု နယ်စည်းမခြားပရဟိတ(သီပေါ)အသင်းကသိရသည်။(ဖေဖော်ဝါရီ၂၃)၊ ည ၇ နာရီခန့်တွင် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာနေ စိုင်းမြင့်အောင်သည် ဇနီးဖြစ်သူနှင့်ဇနီးဖြစ်သူ၏ မိဘနှစ်ဦး အိမ်အတွင်းရှိနေစဉ် ဓါးဖြင့်ဝင်ခုတ်ရာတွင် စိုင်းမြင့်အောင်၏ဇနီးဒဏ်ရာရကာ ယောက္ခမနှစ်ဦးသေဆုံးသွားခဲ့သည်။ကျူးလွန်သူ စိုင်းမြင့်အောင်သည်အခင်းဖြစ်ပွားပြီးနောက် အိမ်နောက်ဘက်သို့ထွက်ပြေးသွားပြီးအိမ်နောက်ဘေးရှိရေချောင်းကို ဖြတ်ကျော်ကာ ဝေဖြိုးဆိုသူကိုလည်း ဓားဖြင့် ထပ်မံခုတ်သတ်ခဲ့သဖြင့် ဒေသခံများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။“ လူမှုရေးလား ဘာလားမသိဘူး၊ အခု သက်ဆိုင်ရာက ဖမ်းထားပြီ” ဟု လူမှုကူညီသူတစ်ဦးက ပြောသည်။လူသတ်မှုကျူးလွန်သူ စိုးမြင့်အောင် ၄၀နှစ် ကို သက်ဆိုင်ရာကဖမ်းဆီးစစ်ဆေးနေပြီး ဒဏ်ရာရသူများကိုဆေးရုံတင်ထားသည်ဟုသိရသည်။



