back

တနင်္သာရီတိုင်းအတွင်းရှိ ဒေသခံအချို့မှသက်ကြီးရွယ်အိုနှင့် ကလေးများအတွက် ဆေးဝါးများလိုအပ်နေ

Feb 24 • 6:03 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်းအတွင်းရှိ ဒေသခံအချို့မှသက်ကြီးရွယ်အိုနှင့် ကလေးများအတွက် ဆေးဝါးများလိုအပ်နေ

တနင်္သာတိုင်းအတွင်း၌ ဒေသခံအချို့ဖြစ်‌သောသက်ကြီးရွယ်အိုနှင့် ကလေးများအတွက် ဓာတ်ဆားအပါအဝင် ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရသည်။"အခက်အခဲတွေကတော့ များပါတယ်။ အထူးသ...

တနင်္သာတိုင်းအတွင်း၌ ဒေသခံအချို့ဖြစ်‌သောသက်ကြီးရွယ်အိုနှင့် ကလေးများအတွက် ဓာတ်ဆားအပါအဝင် ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရသည်။"အခက်အခဲတွေကတော့ များပါတယ်။ အထူးသဖြင့် ရိက္ခာအခက်အခဲရှိတယ်။ အခုဆိုရင် နွေရာသီရောက်လာတော့ ချွေးထွက်လွန်တာမျိုးတွေရှိနိုင်တယ်။ ဆေးဝါးဆိုင်ရာ အခက်အခဲတွေပေါ့။ ဝမ်းပျက်ဝမ်းလျှောအတွက်နဲ့ ဓာတ်ဆားလိုဟာမျိုးတွေ နောက်ပြီး သက်ကြီးရွယ်အိုတွေအတွက် သွေးတိုးကျဆေးတို့ဘာတို့၊ ဆီးချိုဆေးတို့ စသဖြင့် ဒါမျိုးဆေးဝါးလိုအပ်ချက်တွေရှိပါတယ်။ " ဟု ပြောသည်။တနင်္သာရီတိုင်းအတွင်းရှိ ဒေသခံအချို့သည် လပေါင်းများစွာ အကူအညီမရရှိသဖြင့် အခြေခံစားနပ်ရိက္ခာအပါအဝင် အထွေထွေအကျပ်အတည်းနှင့် ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်း သိရသည်။

news-view-count-icon

34