back

ရန်ကုန်မြို့နယ်ရှိ နေရာအချို့တို့၌ ယနေ့နံနက်ပိုင်းက နေရာကွက်ကျား အချိန်အခါမဟုတ် မိုးရွာသွန်း

Feb 24 • 6:01 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့နယ်ရှိ နေရာအချို့တို့၌ ယနေ့နံနက်ပိုင်းက နေရာကွက်ကျား အချိန်အခါမဟုတ် မိုးရွာသွန်း

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တို့တွင် ယနေ့ ဖေဖော်ဝါရီ (၂၄)ရက်၊ နံနက်ပိုင်းက အချိန်အခါမဟုတ် နေရာကွက်ကျား ရွာသွန်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ မို...

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တို့တွင် ယနေ့ ဖေဖော်ဝါရီ (၂၄)ရက်၊ နံနက်ပိုင်းက အချိန်အခါမဟုတ် နေရာကွက်ကျား ရွာသွန်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ မိုးရွာသွန်းရာတွင် ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ် အပါအဝင် မြို့နယ်အချို့တို့တွင် နေရာကွက်ကျား မိုးရွာသွန်းခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရသည်။“မနက် စောစောက မိုးရွာတာ ဟုတ်တယ်။ အချိန်အခါမဟုတ် ရွာတယ်လို့ ပြောရမယ်။ မိုးက ဖွဲဖွဲပဲရွာတာပေါ့။ အလုပ်သွားချိန်ကြီး ရွာမယ် မထင်ထားတော့ ထီးတွေ ဘာတွေလည်း မဆောင်ထားမိတော့ နဲနဲတော့ အခက်တွေ့ခဲ့တယ်”ဟု ရွှေပြည်သာမြို့တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

news-view-count-icon

31