ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းသည် လက်ရှိတွင် အဆောက်အအုံ စုစုပေါင်း ၁၇၁ လုံး ပြီးစီးနေပြီဖြစ်ပြီး လျှောက်ထားသူများအနက် မဲပေါက်သည့် အိမ်ထောင်စုပေါင်း ၂၇၃၆ စုကို နေထိုင်ခွင့်ပေးထားကြောင်း သိရသည်။လက်ရှိတွင် မဲပေါက်နေထိုင်လျက်ရှိသော ပြည်သူများ အခက်အခဲမရှိ သွားလာနိုင်ရန် စီမံကိန်းအတွင်းအကျယ် ငါးဧက Bus Terminal ၊ လူမှုဖူလုံရေးနေရာ၊ ရေပေးဝေစခန်း၊ အခြေခံပညာရေးကျောင်း၊ ခေတ်မီစည်ပင်သာယာဈေး၊ စီးပွားရေးလုပ်ကိုင်နိုင်သော နေရာများသည် မကြာမီကာလတွင် ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို လျှောက်ထားသူများအနက် မဲစနစ်လေးကြိမ်ပြုလုပ်ပြီးအထိ မဲပေါက်သူ အိမ်ထောင်စုပေါင်း ၂၇၃၆ ဦးအထိ နေထိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။



