ခိုစာရောင်းသူ ယခင်ကထက် များလာကာ ရပ်ကွက်များထဲထိ ခိုစာရောင်းလာကြသော်လည်း ကုသိုလ် ဖြစ် ခိုစာကျွေးသူယခင်ကထက်နည်းပါးလာသဖြင့် ခိုစာရောင်းသူများ တွက်ချေမကိုက်ဘဲ အရောင်းအဝယ်ပါးကာ တခြားလုပ်ငန်းကိုတွဲလုပ်လာကြကြောင်း သိရသည်။“ခိုစာကျွေးတဲ့သူတွေ အတော်ကိုနည်းသွားတယ် ၊ ဒီနေ့ဆို ခုနှစ်ထောင်ဖိုးလောက်ပဲရောင်းရတယ်၊ အစာ ဖိုး အရင်းတောင် ရှစ်ထောင် ၊ တစ်သောင်းလောက်ရှိတာ၊အဲဒီလိုနဲ့ ပြန်ရတဲ့ရက်တွေလည်းများနေပြီ။စျေးရောင်းဖို့အရင်းတောင် နေ့ပြန်တိုး ငွေချေးပြီး ရောင်းနေရတာ ဘယ်လိုအဆင်ပြေတော့မလဲအရင်ကဆိုရင် တစ်နေ့ကို တစ်သောင်းခွဲ၊သောင်းရှစ်ထောင်လောက်ရတယ်၊ အဆင်ပြေတယ်၊ အခုက ခိုစာကျွေးတဲ့သူ မရှိသ လောက်ကို ဖြစ်သွားတယ် ” ဟု ခိုစားရောင်းချနေသူ တစ်ဦးက ပြောသည်။



