back

စာချစ်သူ ​မေ​လေးခင်(​တော်ဝင်ပန်း)၏ အသက်(၈၁)နှစ်ပြည့် ​မွေး​နေ့အမှတ်တရ "ပန်း​တစ်ခက်ဆင်မြန်း ​တော်ဝင်ပန်း"စာပ​ဒေသာစုစည်းမှု စာအုပ်မိတ်ဆက်

Feb 23 • 4:30 PM

breaking-news

မြန်မာ

ရန်ကုန်

cover

စာချစ်သူ ​မေ​လေးခင်(​တော်ဝင်ပန်း)၏ အသက်(၈၁)နှစ်ပြည့် ​မွေး​နေ့အမှတ်တရ "ပန်း​တစ်ခက်ဆင်မြန်း ​တော်ဝင်ပန်း"စာပ​ဒေသာစုစည်းမှု စာအုပ်မိတ်ဆက်

စာချစ်သူ ​မေ​လေးခင်(​တော်ဝင်ပန်း)၏ အသက်(၈၁)နှစ်ပြည့် ​မွေး​နေ့အမှတ်တရ "ပန်းတစ်ခက်ဆင်မြန်း ​တော်ဝင်ပန်း"စာပ​ဒေသာစုစည်းမှု စာအုပ်မိ​တ်ဆက်ပွဲကို ​ဖေ​ဖော်ဝါရီ ၂၃ ရက...


စာချစ်သူ ​မေ​လေးခင်(​တော်ဝင်ပန်း)၏ အသက်(၈၁)နှစ်ပြည့် ​မွေး​နေ့အမှတ်တရ "ပန်းတစ်ခက်ဆင်မြန်း ​တော်ဝင်ပန်း"စာပ​ဒေသာစုစည်းမှု စာအုပ်မိ​တ်ဆက်ပွဲကို ​ဖေ​ဖော်ဝါရီ ၂၃ ရက်၊ နံနက် ၉ နာရီက ရန်ကုန်တိုင်း​ဒေသကြီး၊ ​တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၁၅ လမ်းဆုံရှိ ဝဇီရာသဘ သာသနာ့ရိပ်​ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ အခမ်းအနားကို အစီအစဥ်နှစ်ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။အခမ်းအနားသို့ နိုင်ငံ​ကျော် စာ​ပေပညာရှင်များ၊ ဝါရင့်စာ​ပေပညာရှင်များ၊ ဝါရင့်စာနယ်ဇင်းများ၊ စာ​ပေချစ်မြတ်နိုးသူများ၊ သရုပ်​​ဆောင်နှင့် အဆို​တော်များလည်း တက်​ရောက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ချစ်ခြင်းအက္ခရာစာစဥ်အဖွဲ့ အယ်ဒီတာ ဆရာမတင်တင်(ရန်ကုန်)နှင့် ချစ်ခြင်းအက္ခရာစာစဥ်အဖွဲ့ အယ်ဒီတာ ဆရာမမိုးမိုးသင်းပတ္တမြား​မြေတို့က ​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။စာ​ချစ်သူ ​မေ​လေးခင်(​တော်ဝင်ပန်း) အသက်(၈၁)နှစ်ပြည့် ​မွေး​နေ့အမှတ်တရ "ပန်း​တစ်ခက်ဆင်မြန်း ​တော်ဝင်ပန်း" စာပ​ဒေသာစုစည်းမှု စာအုပ်ကို မတ်လတွင် မြန်မာပြည်တစ်ဝန်းသို့ ထုတ်​ဝေဖြန့်ချိသွားမည်ဖြစ်ပြီး ၄င်းစာအုပ်တန်ဖိုးမှာ ကျပ် ၇၀၀၀ဖြစ်သည်။



news-view-count-icon

24