ပါမောက္ခချုပ်ဆရာတော်ကြီး၏ သက်တော် (၈၅)နှစ်ပြည့်ဝိဇာတမွေးနေ့မင်္ဂလာအလှူအား မြန်မာရက်မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ဆရာတော်ကြီးသီတင်းသုံးနေထိုင်တော်မူသော ဓမ္မသဟာရ သာသနာ့စင်တာကျောင်းတွင်ဆင်ယင်ကျင်းပရန်စီစဥ်ထားခဲ့ကြောင်း သိရသည်။ထိုသို့ စီစဥ်ထားရာမှ တပေါင်းလပြည့်နေ့တွင် ဆရာတော်ကြီးနှင့် သံဃာတော်များအား တပည့်ဒါယိကာ၊ ဒါယိကာမများက မွေးနေ့ဆွမ်းလောင်းလှူခြင်း၊ တရားပွဲသတင်ရှိခြင်းနှင့် ရာသက်ပန်ကုမ္ပဏီ စတုဒိသာအဖွဲ့မှ ဆရာတော်ကြီး၏မွေးနေ့တွင် လူဦးရေ(၃၀၀၀၀)အား စတုဒိသာ ထမင်း/ဟင်းကျွေးမွေးလှူဒါန်းမှုကို ဆရာတော်ကြီးမှကြည့်ချင်သည်ဆိုခြင်းတို့ကြောင့် မွေးနေ့မင်္ဂလာရက်အား ဆရာတော်ကြီး၏ အင်္ဂလိပ်ရက်မွေးနေ့ဖြစ်သော မတ် ၂၂ ရက်သို့ ပြောင်းလဲကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။



