back

အီလွန်မတ်ရဲ့ DOGE က ၀န်ထမ်းအားလုံးဆီ‘အီးမေးလ် ပို့၍ အလုပ်ပြီးမြောက်မှုမတင်ပြနိုင်ရင် အလုပ်ထွက်သည်ဟုယူဆမည်ဟု ပြော

Feb 23 • 2:34 PM

breaking-news

မြန်မာ

ပြည်ပ

cover

အီလွန်မတ်ရဲ့ DOGE က ၀န်ထမ်းအားလုံးဆီ‘အီးမေးလ် ပို့၍ အလုပ်ပြီးမြောက်မှုမတင်ပြနိုင်ရင် အလုပ်ထွက်သည်ဟုယူဆမည်ဟု ပြော

အမေရိကန်ပြည်ထောင်စုအစိုးရဝန်ထမ်း အားလုံးဆီကို ‘ပြီးခဲ့တဲ့အပတ်က သင် ဘာတွေ လုပ်ခဲ့သလဲ’ ခေါင်းစဉ်နဲ့ အီးမေးလ်တစောင် ဝင်လာပြီးရှေ့တပတ်တာ အလုပ်ပြီးမြောက်မှုတွေကို တန...


အမေရိကန်ပြည်ထောင်စုအစိုးရဝန်ထမ်း အားလုံးဆီကို ‘ပြီးခဲ့တဲ့အပတ်က သင် ဘာတွေ လုပ်ခဲ့သလဲ’ ခေါင်းစဉ်နဲ့ အီးမေးလ်တစောင် ဝင်လာပြီးရှေ့တပတ်တာ အလုပ်ပြီးမြောက်မှုတွေကို တနင်္လာနေ့ည နောက်ဆုံးထား မတင်ပြနိုင်ရင် အလုပ်က နုတထွက်ပြီးသားလို့ မှတ်ယူမှာဖြစ်ကြောင်းပါ ပါရှိကြောင်း သိရပါသည်။မက်စ်က ဒီလို ကြေညာပြီးနာရီပိုင်းအကြာမှာတော့ သမ္မတဒေါ်နယ်ထရမ့်ပ်က သူပိုင်တဲ့ Truth Social လူမှုကွန်ရက်ကနေ DOGE ဌာနဟာ အင်အား ၂ ဒသမ ၃ သန်းရှိတဲ့ ပြည်ထောင်စုအစိုးရ ဝန်ထမ်းအရေအတွက် လျှော့ချရေးကို အခုထက်ပို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်သင့်တယ်လို့ မှတ်ချက်ပေးပါသည်။ပြီးခဲ့တဲ့အပတ်က သင်ပြီးမြောက်ခဲ့တာ ခန့်မှန်းခြေ အနည်းဆုံးအချက် ၅ ချက်ဖော်ပြပြီး သင့်အထက်လူကြီး(မန်နေဂျာ) ကို မိတ္တူ(CC) ခံပြီး အကြောင်းပြန်ပါ။ လျှို့ဝှက်အချက်အလက်၊ လင့်ခ်၊ Attachment များ မတွဲပါနဲ့’ လို့ ဝန်ထမ်းစီမံခံခွဲရေးရုံး၊ လူ့စွမ်းအားအရင်းအမြစ်ဌာန အီးမေးလ်ကတဆင့် ဝန်ထမ်းအားလုံးဆီကို ပေးပို့တာဖြစ်ပါသည်။



news-view-count-icon

25