ယူကရိန်းသို့ ပေးထားသော ဘီလီယံချီတန်သည့် စစ်ရေးပစ္စည်းများနှင့် အခြားအကူညီများအတွက် ပြန်လည်ရယူရန် စိတ်ပိုင်းဖြတ်ထားကြောင်း ထရမ့်က ကွန်ဖရင့်တစ်ခုတွင်ပြောကြားခဲ့သည်။"ကျွန်တော်တို့ ပေးခဲ့တဲ့ ငွေအတွက် သူတို့ကို တစ်ခုခု ပြန်ပေးစေချင်တယ်" ဟု ထရမ့်က CPAC ကွန်ဖရင့်တွင် ပြောကြားခဲ့သည်။ "ဒါကြောင့် ကျွန်တော်တို့က မြေရှားသတ္တုနဲ့ ရေနံတွေကို တောင်းနေတာ။ ကျွန်တော်တို့ ရနိုင်တဲ့ ဘာမဆိုပေါ့"ဟုလည်းသူကပြောသည်။"ကျွန်တော်တို့ ငွေပြန်ရရမယ်။ ဘာလို့လဲဆိုတော့ ဒါက မမျှတဘူး" ဟု ထရမ့်က မယ်ရီလန်းပြည်နယ်ရှိ အခမ်းအနားတွင် ပြောကြားခဲ့သည်။



