ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းရှိ အကြီးဆုံးဆိပ်ကမ်းမြို့မှ တရုတ်-ဗီယက်နမ် နယ်စပ်အထိ အမေရိကန် ဒေါ်လာ ၈ ဘီလီယံ တန်ဖိုးရှိသော မီးရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းတစ်ခုကို ဗီယက်နမ်လွှတ်တော်က အတည်ပြုထားကြောင်း သိရသည်။ထိုစီမံကိန်းသည် နှစ်နိုင်ငံကြား အပြန်အလှန်ဆက်သွယ်ရေးနှင့် ကုန်သွယ်မှုသွားလာရေးကို တွန်းအားပေးမည်ဖြစ်ပြီး ယင်းစီမံကိန်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မည်ကဲ့သို့ သုံးသပ်သနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည့်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြန်လည်ဖြေကြားခြင်းလည်း ဖြစ်သည်။



