back

ဆူဒန်တွင် လူပေါင်း ၆၃၈,၀၀၀ ခန့် စားနပ်ရိက္ခာ မလုံလောက်မှုနှင့်ရင်ဆိုင်နေရ

Feb 23 • 2:29 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဆူဒန်တွင် လူပေါင်း ၆၃၈,၀၀၀ ခန့် စားနပ်ရိက္ခာ မလုံလောက်မှုနှင့်ရင်ဆိုင်နေရ

ဆူဒန်နိုင်ငံတွင် လက်ရှိ ဆိုးရွားသောစားနပ်ရိက္ခာဖူလုံရေး အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး လူပေါင်း ၆၃၈,၀၀၀ ခန့် စားနပ်ရိက္ခာ မလုံလောက်မှု ဘေးဒဏ်ကို ခံစားန...


ဆူဒန်နိုင်ငံတွင် လက်ရှိ ဆိုးရွားသောစားနပ်ရိက္ခာဖူလုံရေး အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး လူပေါင်း ၆၃၈,၀၀၀ ခန့် စားနပ်ရိက္ခာ မလုံလောက်မှု ဘေးဒဏ်ကို ခံစားနေရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ထို့အပြင် ဆူဒန်တွင် အသက်ငါးနှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင် စုစုပေါင်း ၄ ဒသမ ၇ သန်းသည်လည်း ပြင်းထန်သော အာဟာရချို့တဲ့မှု ဒဏ်ကိုခံစားနေကြောင်း၊ စားနပ်ရိက္ခာ ရှားပါးလာမှုကြောင့် ဆူဒန်လူမျိုး အများအပြားသည် အသက်ရှင်သန်ရန် မြေပဲခွံများကိုတောင် စားသုံးခဲ့ကြရကြောင်းလည်း ပြောကြားခဲ့သည်။ 




news-view-count-icon

15