ယခုနောက်ပိုင်းတွင် စက်ဘီးစီးဝါသနာရှင်များအချင်းချင်းစုပေါင်း၍ ခရီးဝေးစီးနင်းမှုများရှိလာခဲ့ကြောင်း ရန်ကုန်မြို့တွင် ဝါသနာအရ စက်ဘီးစီးနင်းသူများထံမှ သိရသည်။ယခင်က စက်ဘီးစီးအသင်းအဖွဲ့များမှ ဦးဆောင်၍ခရီးဝေးစက်ဘီးစီးနင်းသွားရောက်ပြီး အပျော်စီးနင်း ရင်း ကုသိုလ်ပြုသည့် အစီအစဉ်များပြုလုပ်ကြသော်လည်း ယခုနောက်ပိုင်းတွင် ခင်မင်ရာမိတ်ဆွေအပေါင်း အသင်းများ အချင်းချင်း စုပေါင်း၍သာ ခရီးဝေးစီးနင်းသွားလာမှုများကို ပြုလုပ်ကြခြင်းလည်းဖြစ်သည်။ရန်ကုန်မြို့တွင် လတ်တလောအခြေအနေအရ သွားလာရအဆင်ပြေကောင်းမွန်သည့် ပြည်သူ့ရင်ပြင် တစ်ဝိုက်၊ အင်းယားကန်တစ်ဝိုက်နှင့် ကန်တော်ကြီးတစ်ဝိုက်သို့ အပျော်တမ်းစက်ဘီးစီးနင်းသွားရောက်သူများ လည်းရှိကြကြောင်း သိရသည်။



