back

Myanmar National League ချန်ပီယံဆု (၆) ကြိမ်မြောက်ဆွတ်ခူးရရှိသည့် ရှမ်းယူနိုက်တက်အသင်း ဂီတဖျော်ဖြေပွဲ ကျင်းပမည်

Feb 23 • 1:51 PM

breaking-news

မြန်မာ

ရှမ်း

cover

Myanmar National League ချန်ပီယံဆု (၆) ကြိမ်မြောက်ဆွတ်ခူးရရှိသည့် ရှမ်းယူနိုက်တက်အသင်း ဂီတဖျော်ဖြေပွဲ ကျင်းပမည်

Myanmar National League2024-2025 ချန်ပီယံဆု (၆) ကြိမ်မြောက်ဆွတ်ခူးရရှိသည့် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အသင်း၏ ချန်ပီယံ ဂီတဖျော်ဖြေပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်က...


Myanmar National League2024-2025 ချန်ပီယံဆု (၆) ကြိမ်မြောက်ဆွတ်ခူးရရှိသည့် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အသင်း၏ ချန်ပီယံ ဂီတဖျော်ဖြေပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့တွင် အသိပေးထားသည်။ချန်ပီယံ ဂီတဖျော်ဖြေပွဲကို လာမည့် မတ်လ(၁)ရက်၌ တောင်ကြီးမြို့ ပြည်နယ်အားကစားခန်းမတွင် ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံကျော်အဆိုတော် မျိုးကြီး၊ ဝိုင်ဝိုင်းနှင့် စိုင်းစိုင်းခမ်းလှိုင်တို့ သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။ရှမ်းယူနိုက်တက်အသင်းသည် Myanmar National League ၏ အအောင်မြင်ဆုံး အသင်းတစ်သင်းအဖြစ် သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ကာ အမှတ်ပေး ချန်ပီယံဆုကို (၅) ရာသီဆက်တိုက် ရှုံးပွဲမရှိ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။




news-view-count-icon

65