back

ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၂ အသင်းနှင့် ရန်ကုန်တိုင်းအသင်း ခြေစမ်းပွဲ သရေ ရလဒ်ထွက်ပေါ်

Feb 23 • 12:37 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၂ အသင်းနှင့် ရန်ကုန်တိုင်းအသင်း ခြေစမ်းပွဲ သရေ ရလဒ်ထွက်ပေါ်

ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၂ အသင်းနှင့် ရန်ကုန်တိုင်းအသင်းတို့ ယမန်နေ့ ဖေဖော်ဝါရီ (၂၂)ရက်က ခြေစမ်းပွဲကစားခဲ့ရာ သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ရန...


ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၂ အသင်းနှင့် ရန်ကုန်တိုင်းအသင်းတို့ ယမန်နေ့ ဖေဖော်ဝါရီ (၂၂)ရက်က ခြေစမ်းပွဲကစားခဲ့ရာ သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ရန်ကုန်တိုင်းအသင်းသည် ကမ္ဘောဇဖလားပြိုင်ပွဲအပြီး ပထမဆုံးခြေစမ်းပွဲတစ်ခုဖြစ်ကာ အဆိုပါ ပြိုင်ပွဲတွင်အသင်းအတွက် ဖွဲ့စည်းထားသော အသက် (၂၁) နှစ်အောက် ကစားသမားများကို ဝင်ရောက်ယှဉ်ပြိုင်ကစားစေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ရန်ကုန်တိုင်းအသင်းအနေဖြင့် ယခု ဖေဖော်ဝါရီလအတွင်းရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျင်းပခဲ့သည့် ကမ္ဘောဇဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုကို ရရှိထားသည့် အသင်းတစ်သင်းလည်းဖြစ်သည်။




news-view-count-icon

23