တနင်္သာတိုင်းအတွင်း၌ စစ်ဘေးရှောင်ဦးရေ ၇၇၂၀၀ကျော်ရှိနေပြီး သက်ကြီးရွယ်အိုနှင့် ကလေးများအတွက် ဓာတ်ဆားအပါအဝင် ဆေးဝါးများလိုအပ်လျက်ရှိကြောင်း FE5Tanintharyi အဖွဲ့ထံမှ သိရသည်။အဆိုပါ စစ်ရှောင်ဦးရေ ၇၇,၂၀၀ ကျော်သည် တိုက်ပွဲနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများဖြစ်ကြပြီး FE5Tanintharyi အဖွဲ့က ယခုနှစ် (၂၀၂၅ ခုနှစ်)၊ ဇန်နဝါရီလအတွင်း စာရင်းကောက်ယူမှတ်တမ်းပြုစုကာ ယခုလ ဖေဖော်ဝါရီ ၂၁ နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။



