မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကဒါကျေးရွာရှိ ခေမာသိဝံပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်း၌ကျင်းပသည့် (၄၁)ကြိမ်မြောက် မဟာရင်ဂိုဏ်းလုံးဆိုင်ရာ ဓမ္မယုတ္တိကနိကာယအသင်း ရေးဖြေစာမေးပွဲသို့ သံဃာတော်နှင့် သီလရှင် (၄၇၇)ပါးဝင်ရောက်ဖြေဆိုတော်မူလျက်ရှိကြောင်း သိရသည်။အဆိုပါ စာမေးပွဲအား ချောင်းဆုံမြို့နယ်၌ ပရိယတ္တိစာပေများ ထူးချွန်သူရဟန်းရှင်လူများပေါ် ထွန်းလာစေရန် မြို့နယ်သံဃာ့နာယကအဖွဲ့၏ ဦးဆောင်မှုဖြင့်ပြုလုပ်သည့် ရေးဖြေစာမေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်နံနက် ၇ နာရီကကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့်တာဝန်ရှိသူများတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။



