ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့၊ နံနက် ၉ နာရီလောက်က ရခိုင်ပြည်၊ မောင်တောမြို့နယ်က ဒေသခံတစ်ဦးမှာ တောင်သို့ ဝါးခုတ်ရန်သွားရာကနေ မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားပြီး ဘယ်ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ထိခိုက် ဒဏ်ရာရှိသူများ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာက အသက် ၂၅ နှစ်အရွယ်ရှိ ကိုမောင်ထွန်းအေး ဖြစ်ပြီး ဘယ်ဖက်ခြေထောက် တစ်ဖက်ပြတ်သွားကြောင်း ၎င်းမှာ ဆေးကုသရန် ပို့ဆောင်လိုက်ကြောင်း သိရသည်။



