ဖေဖော်ဝါရီ၂၂ရက်မှာပီရူးနိုင်ငံအနောက်မြောက်ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခု၏ အမိုးပြိုကျမှုကြောင့် လူခြောက်ဦး ထက်မနည်း ဆုံးပါးခဲ့ရပြီး ၇၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့ပါတယ်။လူစည်ကားသော ဈေးဝယ်စင်တာတစ်ခုဖြစ်သည့် ရေယားလ်ပလာဇာမောလ်တွင် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများအနက် ၃၀ ဦးသည် ဆေးရုံမှဆင်းခွင့်ရရှိခဲ့သော်လည်း ၄၈ ဦးမှာ ဆေးရုံတွင်ကျန်ရှိနေဆဲဖြစ်ပြီး သုံးဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေခဲ့ပါတယ်။အမိုးပြိုကျပြီးမိနစ်ပိုင်းအတွင်း၌ပင် ကယ်ဆယ်ရေးသမားများရောက်လာကာကယ်ဆယ်ရေး လုပ်ငန်းများကို ညလုံးပေါက်လုပ်ခဲ့ကြရာပီရူးကျန်းမာရေးဝန်ကြီးဌာနသည် သွေးလိုအပ်ချက်များသောကြောင့် ပြည်သူများကို သွေးလှူဒါန်းပေးရန် တိုက်တွန်းခဲ့ပါတယ်။
Feb 23 • 7:29 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |

သူထုတ်ထားတဲ့စာအုပ်ရောင်းရငွေအမြတ် သိန်း ၃၀၀ ကို ငွေကြေးလိုအပ်နေတဲ့ကိုယ်ဝန်ဆောင်သည် နဲ့ လူနာ စုစုပေါင်း ၁၅၀အတွက် လှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင်ကိုဆင့်ညီ
ထိုင်းမင်းသမီးချောKimmy Kimberleyဟာ သူ့ခင်ပွန်းနဲ့အတူဖြတ်သန်းခဲ့ရတဲ့ Valentines က ၁၂နှစ်ရှိခဲ့ပြီး အချစ်တွေကလဲ တိုးပြီးရင်းတိုးနေကြကြောင်းကြည်နူးစွာပြောပြ

