သရုပ်ဆောင်ကိုဆင့်ညီက သူ့ဘဝမှာ စိတ်ကူးအိပ်မက်တစ်ခု ရှိနေခဲ့တာဖြစ်ပြီး အဲဒါက ဆေးရုံတစ်ရုံကိုဝင်ပြီး ရှိသမျှလူနာအကုန်လုံးရဲ့ ကုန်ကျစရိတ်လှူပေးချင်တာဖြစ်ပါတယ်။အခုအဲဒီစိတ်ကူးအိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့တာ ဖြစ်ပြီး သူထုတ်ထားတဲ့ စာအုပ်လေး ရောင်းရတဲ့ အမြတ်ငွေ ကျပ်သိန်း ၃၀၀ နဲ့ ဆေးရုံတစ်ရုံလုံးမှာ ရှိတဲ့ မွေးလူနာအားလုံးကို ပေးလှူနိုင်ခဲ့ပြီဖြစ်ပါတယ်။ဆေးရုံမှာရှိတဲ့ မွေးပြီး မွေးဖို့စောင့်နေဆဲ ကိုယ်ဝန်ဆောင်မိခင်တွေရော အခြားဆေးရုံတက်သူတွေရော အားလုံးကို တစ်ယောက် ၂သိန်း နှုန်းနဲ့ အယောက် ၁၅၀ အတွက် ကျပ်သိန်း ၃၀၀ လှူဒါန်းပေးခွင့် ရခဲ့ပါပြီလို့ ဆိုကာ ကြိုမပြောထားပဲ surprise သဘော ဝင်လှူတာမို့ အားလုံးက အံ့သြဝမ်းသာ ဖြစ်ခဲ့ကြတယ်လို့ ဆိုထားတာပါ။
သူထုတ်ထားတဲ့စာအုပ်ရောင်းရငွေအမြတ် သိန်း ၃၀၀ ကို ငွေကြေးလိုအပ်နေတဲ့ကိုယ်ဝန်ဆောင်သည် နဲ့ လူနာ စုစုပေါင်း ၁၅၀အတွက် လှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင်ကိုဆင့်ညီ
Feb 23 • 7:23 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


