ရန်ကုန်မြို့ YBS ယာဉ်များတွင် ကတ်ဖြင့်စီးနင်းခြင်းအတွက် စီးနင်းခများတိုးမြှင့်ထားသော်လည်း၊ အချို့ယာဉ်များတွင် စက်မတပ်ထားခြင်း၊ တပ်ဆင်ထားသော်လည်း ပျက်စီးနေခြင်းများကြောင့် ခရီးသည်များအတွက် အခက်ကြုံနေရသည်။ Downtown ဧရိယာတွင် မူလက YBS ကတ်စီးနင်းခ ၅၀ ကျပ်သာရှိသော်လည်း ယခု ၃၅၀ ကျပ်အထိ တိုးမြှင့်လာပြီး၊ ခရီးအကွာအဝေးပေါ်မူတည်၍ ပိုင်းဖြတ်မှုများလည်းရှိလာသည်။ ယာဉ်တိုင်းတွင် ကတ်ဖြင့်စီးနိုင်ရန်စနစ်တိုးမြှင့်ရန် ခရီးသည်များက တောင်းဆိုနေကြသည်။



