back

၂၀၂၅ ခုနှစ်တွင် မဲခေါင်-လန်ချန်း စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်း ၁၅ ကြိမ်ဖွင့်မည်

Feb 23 • 5:05 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၅ ခုနှစ်တွင် မဲခေါင်-လန်ချန်း စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်း ၁၅ ကြိမ်ဖွင့်မည်

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ၂၀၂၅ ခုနှစ်အတွင်း နေပြည်တော်ကောင်စီနယ်မြေရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စားသောက်ကုန် ထု...

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ၂၀၂၅ ခုနှစ်အတွင်း နေပြည်တော်ကောင်စီနယ်မြေရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်း ၁၅ ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (နေပြည်တော်ရုံးချုပ်) မှ ထုတ်ပြန်သည်။ သင်တန်းများကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဧရာဝတီ တိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တို့တွင် သင်တန်း ၁ ကြိမ်စီနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (နေပြည်တော်ရုံးချုပ်) တွင် ၁၀ ကြိမ် ဖြင့် စုစုပေါင်း ၁၅ ကြိမ် ဖွင့်လှစ်မည်ဖြစ်သည်။ သင်တန်းများတွင် စားသောက်ကုန်ထုတ်လုပ်နည်းများအပြင် ဆန်းသစ်သော နည်းပညာများကိုလည်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

20