ထိုင်း မိုးလေဝသ ဌာန (TMD)က ယနေ့ဖေဖော်ဝါရီလ ၂၃ ရက်၊တနင်္ဂနွေနေ့ ကနေ အင်္ဂါနေ့ ( ဖေဖော်ဝါရီ ၂၅ ရက်) အတွင်း ရာသီဥတု ဆိုးရွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ကနေ ၂၅ ရက်အတွင်း တရုတ်မှ အားကောင်းတဲ့ လေဖိအားဟာ အရှေ့မြောက်ပိုင်းနဲ့ တောင်တရုတ်ပင်လယ်အထိ ရောက်လာနိုင်ပြီး တောင်တရုတ် ပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့မှ ရေခိုးရေငွေ့တွေဟာ ထိုင်း အထက်ပိုင်းကို ရောက်လာမယ်လို့ TMD က ပြောပါတယ်။ ထိုင်း တောင်ပိုင်းရဲ့ ဧရိယာများစွာမှာ မိုးအလွန်ကြီးနိုင်ပြီး ပင်လယ်လှိုင်းတွေဟာ ၂ ကနေ ၃ မီတာ အထိ မြင့်တက်နိုင်ပြီး ထိုင်း တောင်ပိုင်းမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနိုင်ပါတယ်။ ထိုင်း ပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ်မှာ သင်္ဘောတွေဟာ သတိနဲ့ မောင်းနှင်သင့်ပြီး မော်တော်ဘုတ်ငယ်တွေဟာ ကမ်းကပ်ထားသင့်တယ်လို့ TMD က သတိပေးထားပါတယ်။ စိုက်ပျိုးမွေးမြူရေး သမားတွေကိုလည်း သီးပင်စားပင်တွေနဲ့ တိရိစ္ဆာန်တွေ မထိခိုက်အောင် ကာကွယ်ဖို့ ပြောထားပါတယ်။ ယာဉ်မောင်းတွေကိုလည်း ဂရုတစိုက် မောင်းနှင်ဖို့ သတိပေးထားပါတယ်။ 
ထိုင်းနိုင်ငံမှာ ရာသီဥတု ဆိုးရွားနိုင်မှုကြောင့်ထိုင်း ပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ်မှာ သင်္ဘောတွေဟာ သတိနဲ့ မောင်းနှင်သင့်
Feb 23 • 3:57 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 30 | 0 | 0 | 0 |


