back

မြန်မာပြည်တွင်း ရပ်ကွက်ဈေးများတွင် ကြက်သွန်ဖြူဈေးကျ၊ အာလူးဈေးလျှော့

Feb 23 • 3:06 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာပြည်တွင်း ရပ်ကွက်ဈေးများတွင် ကြက်သွန်ဖြူဈေးကျ၊ အာလူးဈေးလျှော့

မြန်မာပြည်တွင်း ရပ်ကွက်ဈေးများတွင် ကြက်သွန်ဖြူဈေးကျပြီး၊ အာလူးဈေးလည်း လျှော့ကျလာကြောင်း သိရသည်။ ကြူကုတ်ကြက်သွန်ဖြူ တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ ဗမာ-ထူးကြက်သွန်ဖြူ တစ်ပိဿ...

မြန်မာပြည်တွင်း ရပ်ကွက်ဈေးများတွင် ကြက်သွန်ဖြူဈေးကျပြီး၊ အာလူးဈေးလည်း လျှော့ကျလာကြောင်း သိရသည်။ ကြူကုတ်ကြက်သွန်ဖြူ တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ ဗမာ-ထူးကြက်သွန်ဖြူ တစ်ပိဿာ ၁၅၀၀၀ ကျပ်အထိ ကျသွားပြီး၊ ဥတလုံးကြက်သွန်ဖြူသည် တစ်ပိဿာ ၂၂၀၀၀ ကျပ်ဖြင့် ပုံမှန်ဈေးထားရှိသည်။မြစ်သားကြက်သွန်နီ တစ်ပိဿာ ၄၅၀၀ ကျပ်၊ မုံရွာကြက်သွန်နီ တစ်ပိဿာ ၃၈၀၀-၄၀၀၀ ကျပ်တို့ဖြင့် ပုံမှန်ဈေးနှုန်းမပြောင်းလဲဘဲ ရှိနေသည်။အာလူးဈေး တစ်ပိဿာ ၅၀၀၀ ကျပ်အထိ လျှော့ကျလာခြင်းအား ဈေးသည်များက အထွက်များလာမှုကြောင့် ဟုဆိုကြပြီး၊ ကျန်သည့် ကုန်ခြောက်နှင့် အခြားသီးနှံဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်း သိရသည်။


news-view-count-icon

26