back

ထိုင်းနိုင်ငံမှာ မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားများဖမ်းဆီးမှု လက်ရှိတွင်များပြားနေ

Feb 23 • 2:43 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံမှာ မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားများဖမ်းဆီးမှု လက်ရှိတွင်များပြားနေ

ထိုင်းနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း မြန်မာအပါအဝင် တရားမဝင်ဝင်ရောက်နေထိုင်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို အာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေးတာတွေ ပိုများပြားလာပါတယ...

ထိုင်းနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း မြန်မာအပါအဝင် တရားမဝင်ဝင်ရောက်နေထိုင်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို အာဏာပိုင်တွေ ဖမ်းဆီးစစ်ဆေးတာတွေ ပိုများပြားလာပါတယ်။ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဘန်ကောက်မြို့လယ်မှာရှိတဲ့ MBK ကုန်တိုက်ကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေးရာမှာ မြန်မာအများစုအပါအဝင် အယောက် ၂၀ နီးပါး ဖမ်းဆီးခံလိုက်ရပါတယ်။ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း MBK ကုန်တိုက်ကို ထပ်ပြီးဝင်ရောက်စစ်ဆေးနေတာကြောင့် ဆိုင်တချို့ပိတ်ထားကြရပါတယ်။ဒီရက်ပိုင်းအတွင်း ထိုင်းအာဏာပိုင်တွေက နိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်တာ၊ အလုပ်လုပ်ကိုင်တာ စတဲ့အချက်တွေနဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား ရာနဲ့ချီ ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။



news-view-count-icon

19