back

မြန်မာနိုင်ငံပြည်တွင်းတွင်ဖမ်းမိသည့် ကျားဖြန့်လုပ်ငန်း နှိမ်နင်းမှု မှဖမ်းမိသည့် တရုတ်နိုင်ငံသား ၄ဝဝ ကျော်ကို လွှဲပြောင်းပေးအပ်ခဲ့

Feb 23 • 2:38 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံပြည်တွင်းတွင်ဖမ်းမိသည့် ကျားဖြန့်လုပ်ငန်း နှိမ်နင်းမှု မှဖမ်းမိသည့် တရုတ်နိုင်ငံသား ၄ဝဝ ကျော်ကို လွှဲပြောင်းပေးအပ်ခဲ့

မြန်မာနိုင်ငံပြည်တွင်းတွင် သက်ဆိုင်ရာဌာနတွေရဲ့ထုတ်ပြန်မှုတွေအရ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ တရုတ်နိုင်ငံသား ၃ဝဝ ဦးကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သလို ဖေဖော်ဝါရီလ ၂၂ ...

မြန်မာနိုင်ငံပြည်တွင်းတွင် သက်ဆိုင်ရာဌာနတွေရဲ့ထုတ်ပြန်မှုတွေအရ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ တရုတ်နိုင်ငံသား ၃ဝဝ ဦးကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သလို ဖေဖော်ဝါရီလ ၂၂ ရက်မှာလည်းအွန်လိုင်းလိမ်လည်မှုနဲ့ ဒုစရိုက်မှုလုပ်ငန်းတွေမှာ ဆက်စပ်ပါဝင်ခဲ့ကြတဲ့ တရုတ်နိုင်ငံသား (၁၁၁)ဦး ထပ်မံလွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံပူးပေါင်းပြီး မြဝတီနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို စတင်နှိမ်နင်းနေပြီး ဖေဖော်ဝါရီ ၂၃ရက်နေ့အထိ ဖမ်းဆီးရမိ ထားတဲ့ တရုတ်နိုင်ငံသား ၄ဝဝ ကျော်ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ယခုမြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးအပ်ခဲ့သူတွေဟာ မြန်မာ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူတွေဖြစ်ပြီး ကရင်ပြည်နယ်၊မြဝတီမြို့ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေတွေမှာ တရားမဝင်အွန်လိုင်းလောင်းကစားမှု၊အွန်လိုင်းလိမ်လည်မှုတွေနဲ့ ဒုစရိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြတဲ့ သူတွေဖြစ်ပါတယ်။


news-view-count-icon

29