မကြာခင်က ရှင်းကျန်း Tekes ခရိုင်ရှိ တိရစ္ဆာန်အကောင်ရေ ၁၁၇,၀၀၀ တို့သည် ၎င်းတို့၏ နွေဦးရာသီ စားကျက်မြေသို့ စတင် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။မွေးမြူသူများသည် ၎င်းတို့၏ တိရစ္ဆာန်များနှင့်အတူ ထင်းရှူးတောများနှင့် ရေခဲမြစ်များဖြတ်သန်းခဲ့သည့် ခရီးတစ်လျှောက်က ခက်ခဲခဲ့ကြောင်း၊ ဒေသခံမွေးမြူသူများအတွက် ချောမွေ့လုံခြုံသော ရွှေ့ပြောင်းမှုကို အာမခံပေးရန် လမ်းကြောင်း တစ်လျှောက်တွင် ရွှေ့ပြောင်းရေး ဝန်ဆောင်မှုစခန်း ၃၀ ကျော်ကို ထူထောင်ပေးထားကြောင်း သိရသည်။



