ရန်ကုန်မြို့ရှိ တိုက်ခန်းအငှားစျေးကွက်တွင် လက်ရှိအချိန်အထိ ဆက်လက်လည်ပတ်နေပြီး၊ ငှားရမ်းခများသည် ဆက်လက်မြင့်တက်လာကြောင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများနှင့် ငှားရမ်းသူများက ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ငှားရမ်းမှုများတိုးလာပြီး၊ ငှားရမ်းခများသည် ကျပ်ငါးသောင်းမှ တစ်သိန်းအထိ တက်လာခဲ့သည်။ ငှားရမ်းသူများမှာ မြို့တွင်း Downtown ဧရိယာများထက် ပြင်ပရပ်ကွက်များမှ ရွှေ့ပြောင်းလာသော မိသားစုများဖြစ်ကြောင်း သိရသည်။ “အခုအခြေအနေမှာ ငှားပေးမယ့်အခန်းပိုင်ရှင်တွေက အချိန်ပြည့်လာရင် ငှားပေးတာမျိုးဖြစ်တယ်” ဟု ငှားရမ်းသူတစ်ဦးက ပြောသည်။



