back

Tesla က လျှပ်စစ်ကား အစီးရေ ၃၇၆,၀၀၀ ကို ပြန်လည် သိမ်းဆည်း

Feb 22 • 4:04 PM

breaking-news

မြန်မာ

ပြည်ပ

cover

Tesla က လျှပ်စစ်ကား အစီးရေ ၃၇၆,၀၀၀ ကို ပြန်လည် သိမ်းဆည်း

မောင်းနှင်နေစဉ် ယာဉ်ကို ထိန်းချုပ်ရ ခက်ခဲစေနိုင်ကာ အထူးသဖြင့် အရှိန်နှေးသည့်အခါမျိုးတွင် ယာဉ်တိုက်မှုဖြစ်နိုင်ချေများသည့် ပါဝါစတီယာရင် အထောက်အကူပြုစနစ် ချို့ယွင...

မောင်းနှင်နေစဉ် ယာဉ်ကို ထိန်းချုပ်ရ ခက်ခဲစေနိုင်ကာ အထူးသဖြင့် အရှိန်နှေးသည့်အခါမျိုးတွင် ယာဉ်တိုက်မှုဖြစ်နိုင်ချေများသည့် ပါဝါစတီယာရင် အထောက်အကူပြုစနစ် ချို့ယွင်းချက်ကြောင့် တက်စ်လာ(Tesla) ကုမ္ပဏီက အမေရိကတွင် ၎င်း၏ လျှပ်စစ်ကား အစီးရေ ၃၇၆,၀၀၀ ကို ပြန်လည်သိမ်းဆည်းနေသည်။ ယနေ့ နေ့လည်ပိုင်း အရောင်းအဝယ်တွင် တက်စ်လာ၏ ရှယ်ယာများသည် ၃ ရာနှုန်း ကျဆင်းခဲ့သည်။ တက်စ်လာကားပိုင်ရှင်အချို့က စတီယာရင် ချို့ယွင်းချက်များနှင့် ပတ်သက်၍ သတင်းပို့ခဲ့ပြီးနောက် နိုင်ငံတော် အဝေးပြေးယာဉ်လမ်းကြောင်း ဘေးကင်းရေးအဖွဲ့(NHTSA) က တစ်နှစ်ကျော် စစ်ဆေးအပြီးတွင် ယခုကဲ့သို့ ပြန်လည်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။


news-view-count-icon

19