back

သီရိလင်္ကာနိုင်ငံတွင် လူဆိုးခေါင်းဆောင်ကို တရားခွင်မှာ ရှေ့နေအဖြစ် ဟန်ဆောင်ကာ ပစ်သတ်

Feb 22 • 3:51 PM

breaking-news

မြန်မာ

ပြည်ပ

cover

သီရိလင်္ကာနိုင်ငံတွင် လူဆိုးခေါင်းဆောင်ကို တရားခွင်မှာ ရှေ့နေအဖြစ် ဟန်ဆောင်ကာ ပစ်သတ်

သီရိလင်္ကာနိုင်ငံမှာ အမည်ဆိုးနဲ့ ကျော်စောတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ကို ရှေ့နေအဖြစ် ဟန်ဆောင်ထားတဲ့ သေနတ်သမားက တရားခွင်ထဲ ဝင်ရောက်ပစ်သတ်လိုက်ပါတယ်။ အဲ့ဒီသေနတ်သမာ...

သီရိလင်္ကာနိုင်ငံမှာ အမည်ဆိုးနဲ့ ကျော်စောတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ကို ရှေ့နေအဖြစ် ဟန်ဆောင်ထားတဲ့ သေနတ်သမားက တရားခွင်ထဲ ဝင်ရောက်ပစ်သတ်လိုက်ပါတယ်။ အဲ့ဒီသေနတ်သမားဟာ အမျိုုးသမီးတစ်ဦးကိုင်ဆောင်တဲ့ စာအုပ်ထဲမှာ ခြောက်လုံးပြူး‌သေနတ်ကို

လျှို့ဝှက်ထည့်သွင်းယူဆောင်လာခဲ့တာပါ။ ခြောက်လုံးပြူးသေနတ်ကို သယ်လို့ရအောင် စာအုပ်ထူထူကို အတွင်းမှာ ခေါင်းပေါက်ထွင်းပြီး သိုဝှက်ခဲ့တဲ့ သံသယတရားခံ အမျိုးသမီးဟာလည်း ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။ ပစ်ခတ်ခံရသူဟာ ဆေးရုံကို ပို့ဆောင်စဉ်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်လုပ်ကြံသူ သေနတ်သမားဟာ ပစ်ခတ်မှုအပြီး ထွက်ပြေးပေမယ့် ရဲတွေက ဖမ်းမိခဲ့ပါတယ်။ နောက်ထပ် သံသယတရားခံ အမျိုးသမီးတစ်ဦးကတော့ အသက် (၂၅) နှစ်အရွယ်ရှိသူ ဒီဝက် အစ္စဟာရာ ဆီဝန်ဒီ လို့ ရဲတွေကပြောပါတယ်။ အဲဒီအမျိုးသမီးကို ဖမ်းမိဖို့ သတင်း ပေးနိုင်ရင် ဆုငွေချီးမြှင့်မယ်လို့ သီရိလင်္ကာရဲတပ်ဖွဲ့က ကြေညာထားပါတယ်။


news-view-count-icon

17