ဘက်တစ်အသင်းတောင်ပံကစားသမား အန်တိုနီ အနေနဲ့ အသင်းနဲ့ပထမဆုံးလမှာပင် အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့လို့ ဖေဖော်ဝါရီလအတွက် စပိန်လာလီဂါ တစ်လတာအကောင်းဆုံးဆု ဆန်ခါတင်ကစားသမားစာရင်းတွင် ပါဝင်လာခဲ့ပါတယ်။ အန်တိုနီ အနေနဲ့ ဘက်တစ်အသင်းနဲ့အတူ ယခုလအတွင်း စပိန်လာလီဂါပြိုင်ပွဲ သုံးပွဲကစားခဲ့ရာ ပွဲဦးထွက် ပွဲစဉ်ဖြစ်တဲ့ ဘီလ်ဘာအိုအသင်းနဲ့ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဆယ်တာဗီဂိုအသင်းနဲ့ ဆိုစီဒက်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ နှစ်ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါသည်။



